ထန်းတပင်မြို့နယ်၌ ပြည်သူ့စကားဝိုင်း ကျင်းပ

 


ထန်းတပင် စက်တင်ဘာ ၃

 

ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့နံနက်ပိုင်းတွင် သရက်ပင်ကျေးရွာ သရက်ပင် မိုးမခကျောင်းကြီးကျောင်းတိုက်၌ ကျင်းပသည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁) ဦးသက်တင်ထွန်းနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၂) ဦးမျိုးမျိုးသိန်းတို့က အမှာစကားပြောကြားသည်။

 

ထို့နောက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့မှ ဌာနအလိုက် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသော ဒေသခံပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.