ရုရှားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံအကြား နယ်စပ်ဖြတ်ကျော် တိုက်ရိုက်ကုန်းလမ်းခရီး မကြာမီကာလအတွင်း ဖွင့်လှစ်မည်
ဗလာဒီဗော့စတော့ စက်တင်ဘာ ၃
ရုရှားနိုင်ငံနှင့်
မြောက်ကိုရီးယားနိုင်ငံအကြား နယ်စပ်ဖြတ်ကျော် တိုက်ရိုက်ကုန်းလမ်းခရီးအား မကြာမီကာလအတွင်း
ဖွင့်လှစ်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး အန်ဒရီနီကီတင်က ရုရှားနိုင်ငံ
ဗလာဒီဗော့စတော့မြို့၌ ကျင်းပသည့် (၁၁)ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်ပြင်ပတွင် ပြောကြားသည်။
မကြာမီကာလအတွင်း နှစ်နိုင်ငံအကြား တံတားတစ်စင်းနှင့် ခါဆန်နယ်စပ်ဖြတ်ကျော်ကုန်းလမ်းအား ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး
ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ရုရှားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံအကြား တိုက်ရိုက်
ရောက်ရှိနိုင်မည့် ကုန်းလမ်းရှိလာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ယခုကဲ့သို့ ရုရှားနိုင်ငံနှင့်
မြောက်ကိုရီးယား နိုင်ငံအကြား တိုက်ရိုက်ရောက်ရှိနိုင်မည့် ကုန်းလမ်းခရီးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းဖြင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းကို
ချောမွေ့စေပြီး နှစ်နိုင်ငံကုန်သွယ်မှုကို မြှင့်တင်ပေးမည်ဖြစ်ကာ လုပ်ငန်းများအတွက်
သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်အား သက်သာစေမည်ဖြစ်သည်။
အဆိုပါ
(၁၁)ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်ကို စက်တင်ဘာ ၁ရက်မှ ၄ ရက်အထိ ရုရှားနိုင်ငံ ဗလာဒီဗော့ စတော့မြို့၌ ကျင်းပမည်ဖြစ်သည်။
ကိုးကား
- TASS
ဘာသာပြန်
- စိုးသူရ

No comments