လေးမျက်နှာမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား ခရိုင်အလိုက် တာဝန်ပေးအပ်

 


ဟင်္သာတ စက်တင်ဘာ ၂၈

 

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့တွင် ငဝန်မြစ်ရေပြန်လည်ကျဆင်းသွားသည့်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းက ဟင်္သာတမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး တိုးတက်အောင်ခန်းမ၌ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ဦးအောင်ကျော်စိုးသည် ဟင်္သာတခရိုင်၊ မြန်အောင်ခရိုင်နှင့် ကျုံပျော်ခရိုင်အတွင်းရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများ၊ တာဝန်ခံအင်ဂျင်နီယာများနှင့် တွေ့ဆုံ၍ မြို့များသန့်ရှင်း သာယာလှပစေရေးနှင့် စိမ်းလန်းစိုပြည်စေရေးအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အပိုင်းလိုက် တာဝန်ပေးအပ်မည့် ကိစ္စရပ်များကို ဆွေးနွေးသည်။

 

ဆက်လက်၍ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်သို့ သွားရောက်ပြီး အပိုင်းလိုက်ဆောင်ရွက်ရမည့် နေရာများအား ခရိုင်အလိုက်သတ်မှတ်ပေးပြီး စက်တင်ဘာ ၂၆ ရက်မှစ၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.