ဇီးကုန်းမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း
ဇီးကုန်း စက်တင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး ဇီးကုန်း မြို့နယ်၌ ၂၀၂၆ ခုနှစ် မိုးစပါး စိုက်ဧကများအား စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီမှ ကြီးကြပ်၍ စိုက်ပျိုးပညာပေး ဝန်ထမ်းများက အထွက်နှုန်းစံကွက် ရိတ်သိမ်းလျက်ရှိရာ ယနေ့တွင် ဆိတ်ဖူး ကျင်းကျေးရွာ ကွင်းအမှတ်(၃၄၅)ရှိ တောင်သူ ဦးမျိုးမြင့်၏ အောင်နိုင်တိုး စပါးစိုက်ခင်းအား စံကွက်ရိတ်သိမ်းခဲ့သည်။
စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးလှမိုးနှင့် တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် စိုက်ပျိုး ပညာပေး ဝန်ထမ်းများက အောင်နိုင်တိုး စပါးစိုက်ခင်း ငါးဧကအား ကောင်း၊ သင့်၊ ညံ့ သတ်မှတ်၍ စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက ပျမ်းမျှအစို ၁၂၂ ဒသမ ၅၂ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments