သာယာဝတီမြို့နယ်၌ စီမံကိန်းလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ ကျင်းပ

 



သာယာဝတီ စက်တင်ဘာ ၂၄


ပဲခူးတိုင်းဒေသကြီး သာယာဝတီ မြို့နယ်တွင် အသေးစား စက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ သာယာဝတီခရိုင် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေး စီမံကိန်းဖြင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲကို စက်တင်ဘာ ၂၂ ရက်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ဦးစွာ သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သည်။


ပေးအပ်


ဆက်လက်၍ သာယာဝတီ မြို့နယ်​ အမျိုးသမီးရေးရာအဖွဲ့နှင့် သာယာဝတီခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ဦးစီးအရာရှိတို့က စက်ချုပ်လုပ်ငန်းထူထောင်မည့် သူ ၁၀ ဦးအား တစ်ဦးလျှင် ငွေကျပ် ၁၄ သိန်းနှင့်ညီမျှသော လုပ်ငန်းသုံးပစ္စည်းများဖြစ်သော ခြေနင်း အပ်ချုပ်စက်တစ်လုံး၊ ဓားစက် တစ်လုံး၊ မီးပူတစ်လုံး၊ ကြယ်သီး ထုတ်ရိုက်တံ တစ်လုံး၊ အထည်သုံး ကော်ရုပ် နှစ်ရုပ်တို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.