လွိုင်ကော်မြို့တွင် အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ ကျင်းပ
လွိုင်ကော် စက်တင်ဘာ ၁၈
ကယားပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံစားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားတွင် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာန၊ ပြည်နယ် ဦးစီးမှူးက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းထွက်ကုန်ချောများ ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
အဆိုပါသင်တန်းအား စက်တင်ဘာလ(၁)ရက်နေ့မှ စက်တင်ဘာလ(၁၈)ရက်နေ့ အထိ သင်တန်းသား၊ သင်တန်းသူ(၁၅)ဦး သင်ကြားပို့ချခဲ့ပြီး သင်တန်းကာလအတွင်း ပေါင်မုန့်၊ ကိတ်မုန့် ထုတ်လုပ်နည်းအဖြစ် မုန့်အမျိုးအစား (၁၂)မျိုးကို သင်ကြားပို့ချပေးနိုင်ခဲ့ ကြောင်းသိရှိရသည်။
သုတ(ပြန်/ဆက်)
No comments