ဟာလန်းရဲ့တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ရပြီး မန်စီးတီးအသင်းနိုင်ပွဲဆက်ခဲ့
မန်စီးတီးအသင်းဟာ စက်တင်ဘာ ၁၃ ရက်ညပိုင်းက မန်ယူအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ တိုက်စစ်မှူး ဟာလန်းရဲ့ တစ်လုံးတည်းသောသွင်းဂိုးဖြင့်အနိုင်ရပြီး နိုင်ပွဲဆက်ခဲ့ပါတယ်။
မန်ယူအသင်းနဲ့ မန်စီးတီးအသင်းတို့ပွဲစဉ်မှာ ပထမပိုင်းပွဲကစားချိန် ၂၆ မိနစ်ကတည်းက
ဖီးလ်ဖိုဒန် တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရလို့ မန်စီးတီးအသင်းအနေနဲ့ ကစားသမားတစ်ယောက်လျော့နဲ့
ကစားခဲ့ရတာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ မန်ယူအသင်းကို
အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ်လေးပွဲယှဉ်ပြိုင်ကစားပြီးချိန်မှာ လေးပွဲ
စလုံးအနိုင်ရရှိခဲ့ပြီး ရှုံးပွဲမရှိစံချိန်ကိုလည်း ဆက်လက်ထိန်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်းကတော့ မန်စီးတီးအသင်းကို
ရှုံးနိမ့်ခဲ့တာကြောင့် ပရီမီယာလိဂ်လေးပွဲယှဉ်ပြိုင်ကစားပြီးနောက် တစ်ပွဲနိုင်၊ တစ်ပွဲသရေ
ရမှတ်လေးမှတ်နဲ့ အမှတ်ပေးဇယား အဆင့်(၁၃)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ မြို့ခံပြိုင်ဘက် မန်ယူအသင်းကို အနိုင်ရရှိခဲ့ပြီး ရာနှုန်းပြည့် နိုင်ပွဲဆက်ခဲ့ပေမယ့် ပရီမီယာလိဂ် လက်ရှိချန်ပီယံ အာဆင်နယ်အသင်းနဲ့
ရမှတ်တူဂိုးကွာခြားမှုကြောင့် မန်စီးတီးအသင်းအနေနဲ့ ပရီမီယာလိဂ် အမှတ်ပေးဇယားအဆင့်(၂)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ငွေကြယ်

No comments