မဲခေါင်-လန်ချန်း သတင်းတု၊ သတင်းမှားကင်းစင်ရေး Content ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဆုရရှိ

 



ဖနောင်ပင် စက်တင်ဘာ ၁၇


မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် ကျင်းပသည့် မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးလှုပ်ရှား မှုဖိုရမ်နှင့် အကြောင်းအရာ ဖန်တီးမှု(Content)ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပရာ မြန်မာနိုင်ငံမှ ဆုတစ်ဆုဆွတ်ခူးရရှိသည်။


မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးလှုပ်ရှားမှု၏ အဓိက အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် ၂၀၂၆ ခုနှစ် သတင်းတု၊ သတင်းမှားကင်းစင်ရေးလှုပ်ရှားမှုဖိုရမ်နှင့် အကြောင်းအရာဖန်တီးမှု ပြိုင်ပွဲ (Zero Fake News Forum and Awards Contents 2026) တွင် မဲခေါင်-လန်ချန်းဒေသတွင်း ခြောက်နိုင်ငံမှ ပြိုင်ပွဲဝင်များ ပါဝင်ယှဉ်ပြိုင် ကြသည်။


အဆိုပါပြိုင်ပွဲတွင် Best Journalism Award for Fighting Fake News၊ Best Fact-Checking and Verification Content Award၊ Best Creative Content Award၊ Best Public Impact Award နှင့် Responsible Media Practice Award စသည့် ဆုအမျိုးအစားများအတွက် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။


မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇင်ဦးက “Impact of Online Crimes, Fake News and Misinformation on the Socio-economic Lives of Mekong-Lancang Regional Countries” ခေါင်းစဉ်ဖြင့် ရေးသားတင်သွင်းခဲ့သည့် ဆောင်းပါးဖြင့် Best Public Impact Award ကို ဆွတ်ခူးရရှိခဲ့သည်။


အဆိုပါပြိုင်ပွဲသို့ မဲခေါင်-လန်ချန်းဒေသတွင်း ခြောက်နိုင်ငံမှ ပြိုင်ပွဲဝင် ၂၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။


သီဟစည်သူ

No comments

Powered by Blogger.