အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း မြောက်ကိုရီးယားကို ဂိုးပြတ်ရှုံးနိမ့်
ရန်ကုန် စက်တင်ဘာ ၁၇
အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံး အုပ်စုဒုတိယနေ့ကို
စက်တင်ဘာ ၁၇ ရက်က ဂျပန်နိုင်ငံတွင် ဆက်လက်ကျင်းပရာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည်
မြောက်ကိုရီးယားအသင်းကို ရှစ်ဂိုးပြတ် အရေးနိမ့်ခဲ့သည်။
အာရှထိပ်သီးအသင်းဖြစ်သည့်အပြင် ဘောလုံးအဆင့်အတန်းကွာဟမှုများကြောင့်
မြန်မာအသင်းသည် ပေးဂိုးနည်းရန် ကြိုးပမ်းခဲ့သော်လည်း ရှစ်ဂိုးအထိ ခွင့်ပြုခဲ့ရသည်။
မြန်မာအသင်းသည် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားအသင်းတို့ကို နှစ်ပွဲဆက် ဂိုးပြတ်အရေးနိမ့်ခဲ့သဖြင့် လက်ကျန်တစ်ပွဲကစားရန်
ကျန်သေးသော်လည်း အကောင်းဆုံးအုပ်စု
တတိယနေရာရ ထိပ်ဆုံး နှစ်သင်းစာရင်းဝင်ရန်
ခက်ခဲသွားပြီဖြစ်သည်။
မြန်မာအသင်းပါဝင်သော
အုပ်စု(F)
အခြားပွဲတွင် တောင်ကိုရီးယားအသင်းက ဘင်္ဂလားဒေ့ရှ်အသင်းကို ခြောက်ဂိုးပြတ် အနိုင်ရခဲ့သည်။ ယင်းအုပ်စုတွင် မြောက်ကိုရီးယားအသင်းနှင့်
တောင်ကိုရီးယားအသင်းက နှစ်ပွဲကစား ခြောက်မှတ်စီရရှိကာ ကွာတားဖိုင်နယ်တက်ရောက်ရန် သေချာသွားပြီး
မြန်မာအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့မှာ အမှတ်မရသေးပေ။ မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ်
စက်တင်ဘာ ၂၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်အသင်းနှင့်
ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
သတင်း
- မောင်စံကြီး
ဓာတ်ပုံ - MFF

No comments