ဖိလစ်ပိုင်၌ ဩဂုတ်လအတွင်း ယာဉ်ရောင်းအား ကျဆင်းသော်လည်း EV ဈေးကွက်ဝေစုတိုး
မနီလာ စက်တင်ဘာ ၂၈
ဩဂုတ်လအတွင်း ဖိလစ်ပိုင်နိုင်ငံ၏ စုစုပေါင်းယာဉ်ရောင်းအား ကျဆင်းခဲ့သော်လည်း
လျှပ်စစ်ကား (EV) ဈေးကွက်ဝေစုမှာ တိုးမြင့်လာခဲ့ကြောင်း ပြည်တွင်းမီဒီယာများက စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ထား သည်။
ဖိလစ်ပိုင်နိုင်ငံအတွင်း ဩဂုတ်လတွင် ယာဉ်အစီးရေ စုစုပေါင်း
၂၉၆၁၁ စီးရောင်းချခဲ့ရာ ဇူလိုင်လအတွင်း ရောင်းချခဲ့သည့် ယာဉ် ၃၇၃၁၉ စီးထက် ၂၀ ဒသမ ၇ ရာခိုင်နှုန်းနှင့်
ယမန်နှစ်ထက် ၁၈ ဒသမ ၁
ရာခိုင်နှုန်းအသီးသီးလျော့နည်းခဲ့ကြောင်း ဖိလစ်ပိုင်မော်တော်ယာဉ်ထုတ်လုပ်သူများအသင်းနှင့်
ထရပ်ကားထုတ်လုပ်သူများအသင်းတို့၏ ပူးတွဲအစီရင်ခံစာအရ သိရသည်။
လျှပ်စစ်ကားများနှင့်ပတ်သက်၍ အဆိုပါကာလအတွင်း လျှပ်စစ်ကားအစီးရေ ၇၀၆၆ စီး ရောင်းချနိုင်ခဲ့ရာ ယင်းကာလအတွင်း စုစုပေါင်း ယာဉ်ရောင်းအား၏ ၂၃ ဒသမ ၈၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ဇူလိုင်လအတွင်း လျှပ်စစ်ကားအစီးရေ ၇၀၈၉ စီး ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစု ၁၈ ဒသမ ၉၉ ရာခိုင်နှုန်းရှိခဲ့ရာ ဩဂုတ်လတွင် ဈေးကွက် ဝေစုမြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ဆင်ဟွာ

No comments