မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်နှင့် နောက်တန်းအစွန်လူ ဟိန်းဖြိုးဝင်း ဒဏ်ရာပြဿနာကြောင့် FIFA-Asean Cup ပြိုင်ပွဲ လွဲချော်မည်
ရန်ကုန် စက်တင်ဘာ ၂၀
မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်
မောင်မောင်လွင်နှင့် နောက်တန်းအစွန်လူ ဟိန်းဖြိုးဝင်းတို့သည် ဒဏ်ရာပြဿနာများကြောင့်
စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ကျင်းပ မည့် ၂၀၂၆
FIFA-Asean Cup ပြိုင်ပွဲနှင့် လွဲချော်မည်ဖြစ်သည်။
မောင်မောင်လွင်နှင့်
ဟိန်းဖြိုးဝင်းတို့ နှစ်ဦးစလုံး ဒူးဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က
ထိုင်းနိုင်ငံသို့ စေလွှတ်ကာ ဆေးကုသမှုများ ပြုလုပ်ပေးလျက်ရှိ သည်။
ယင်းကစားသမားနှစ်ဦးသည် မြန်မာ့လက်ရွေးစင်အသင်း၏ အနီးဆုံးပြိုင်ပွဲဖြစ်သည့်
FIFA-Asean
Cup ပြိုင်ပွဲ လွဲချော်မည်ဖြစ်ပြီး ကျန်ရှိသည့်ကစားသမားများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာအသင်းသည်
FIFA-Asean Cup ပြိုင်ပွဲတွင် ကမ္ဘောဒီးယား၊ တီမောအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။
သတင်း
- ညီမြတ်သော်တာ
ဓာတ်ပုံ
- MFF

No comments