နိုင်ငံတကာဖိတ်ခေါ် International Futsal Cup -2026 ပြိုင်ပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ

 


နေပြည်တော်    စက်တင်ဘာ 

နိုင်ငံတကာဖိတ်ခေါ် International Futsal Cup -2026 ပြိုင်ပွဲ ဒုတိယနေ့ကို ယနေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်းရှိ MFF ဖူဆယ် အားကစားရုံ၌ ဆက်လက်ကျင်းပသည်။

ပြိုင်ပွဲဒုတိယနေ့   အုပ်စု(A)တွင်    ကမ္ဘောဒီးယားကလပ် Lucky  အသင်းက မြန်မာကလပ် YCDC Dream Team အသင်း ကို လေးဂိုး-သုံးဂိုး၊ အင်ဒိုနီးရှားကလပ် Black Steel Papua အသင်းက မြန်မာကလပ် TG United အသင်းကို လေးဂိုး-ဂိုးမရှိ၊ အုပ်စု(B)တွင် ထိုင်းကလပ် Black Pearl အကယ်ဒမီအသင်းက မြန်မာကလပ် M2K အသင်းကို လေးဂိုး-သုံးဂိုး၊ မြန်မာကလပ် MIU အသင်းက မြန်မာကလပ် YRG အသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိသည်။  မြန်မာကလပ်အသင်းများအနက် နိုင်ငံခြားသားနည်းပြချုပ် ခန့်အပ်ထားသလို လက်ရွေးစင်အဆင့်ကစားသမားများ၊ နိုင်ငံခြားသားကစားသမားများ ခေါ်ယူထားသည့် YRG အသင်းနှင့် YCDC Dream Team အသင်းတို့မှာ ဒုတိယနေ့တွင် မထင်မှတ်ဘဲ အရေးနိမ့်ခဲ့ပြီး နောက်တစ်ဆင့်တက်ရောက်ရန် နောက်ဆုံးပွဲတွင် ဆက်လက်ရုန်းကန်ရမည်ဖြစ်သည်။

အုပ်စုဒုတိယနေ့အပြီးတွင် အုပ်စု(A) အင်ဒိုနီးရှားကလပ်  Black Steel Papua အသင်းက ခြောက်မှတ်၊ ကမ္ဘောဒီးယား ကလပ် Lucky အသင်းနှင့် မြန်မာကလပ် YCDC Dream Team အသင်းက သုံးမှတ်စီ၊ မြန်မာကလပ်   TG United အသင်းက  အမှတ်မရသေး၊   အုပ်စု(B)၌ မြန်မာကလပ် MIU အသင်းက ခြောက်မှတ်၊ မြန်မာကလပ် YRG အသင်းနှင့် ထိုင်းကလပ် Black Pearl အကယ်ဒမီအသင်းက သုံးမှတ်စီရထားပြီး မြန်မာကလပ် M2K အသင်းမှာမူ အမှတ်မရသေးပေ။

အုပ်စုနောက်ဆုံးနေ့ကို  စက်တင်ဘာ ၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး နံနက် ၁၀ နာရီတွင် YCDC Dream Team အသင်းနှင့်  Black Steel Papua အသင်း၊ မွန်းလွဲ ၁၂ နာရီခွဲတွင် Lucky အသင်းနှင့် TG United အသင်း၊ မွန်းလွဲ ၃ နာရီတွင် YRG အသင်းနှင့်  Black Pearl အကယ်ဒမီအသင်း၊ ညနေ ၅ နာရီခွဲတွင် MIU အသင်းနှင့် M2K အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 သတင်း - ရှိုင်းထက်ဇော်

ဓာတ်ပုံ -MFF

No comments

Powered by Blogger.