ပြည်သူ့ကြားက ပြည်သူ့စကား အစီအစဉ် ထုတ်လွှင့်မည်
နေပြည်တော် စက်တင်ဘာ ၇
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော
လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့်
ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ“ဘာသာတရားနဲ့
ရဟန်းသံဃာတော်တွေကို ခုတုံးလုပ် သွေးခွဲသတ်ဖြတ်နေကြတဲ့ အကြမ်းဖက် PDF များ”ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၉ ရက် မွန်းလွဲ ၁
နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။
လာမည့်အပတ် စက်တင်ဘာ ၁၆ ရက် မွန်းလွဲ
၁ နာရီတွင် “တော်လှန်ရေးအကြောင်းပြ လက်နက်ကိုင် ခြိမ်းခြောက်၍ အပြစ်မဲ့ပြည်သူနှင့်
နိုင်ငံ့ဝန်ထမ်း၊ သံဃာတော်တွေကို ဆက်ကြေးကောက်၊ ဓားပြတိုက်၊ ပြန်ပေးဆွဲ၊ ငွေညှစ်၊ လုယက်သတ်ဖြတ်နေတဲ့
အကြမ်းဖက် PDF များ” ခေါင်းစဉ်ဖြင့် ဆက်လက် ဆွေးနွေးတင်ဆက်မည်ဖြစ်ပါသည်။
အထက်ပါ အစီအစဉ်အား အပတ်စဉ်ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့်
အပတ်စဉ်ကြာသပတေးနေ့တိုင်း နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉၈၉၉၀၉၉၅၈၅ သို့
အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည် ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို
Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ပါကြောင်းနှင့် ပါဝင်လာသည့်ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့်
ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
သတင်းစဉ်
--.jpg)
No comments