ဘာစီလိုနာအသင်း ရာနှုန်းပြည့်နိုင်ပွဲနှင့်အတူ လာလီဂါဇယားထိပ်၌ ဆက်လက်ဦးဆောင်နိုင်ခဲ့

 


ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါပွဲစဉ်() ယှဉ်ပြိုင်ကစားပြီးချိန်မှာ  ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ လာလီဂါ ပွဲစဉ်()အဖြစ် စက်တင်ဘာ ၆ ရက် ညပိုင်းက ဗလင်စီယာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပြီး ငါးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။  

အဲဒီပွဲစဉ်မှာ   ဘာစီလိုနာအသင်းအတွက် သွင်းဂိုးတွေကို ယာမယ်လ်ကနှစ်ဂိုး၊ လိုပက်ဇ်က တစ်ဂိုး၊ ရာဖင်ညာကတစ်ဂိုးနဲ့ ပက်ဒရီကတစ်ဂိုးအသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ လိုပက်ဇ်ဟာ အခု ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဘာစီလိုနာအသင်းနဲ့အတူ သွင်းဂိုးလေးဂိုးရှိသွားပြီလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဗလင်စီယာအသင်းကို အနိုင်ရရှိခဲ့တာကြောင့် စပိန်လာလီဂါပွဲစဉ် လေးပွဲစလုံးအနိုင်ရရှိခဲ့သဖြင့် ရမှတ် ၁၂ မှတ် စုဆောင်းနိုင်ခဲ့ကာ အမှတ်ပေးဇယားဒုတိယနေရာက ဒီပို့တီဗိုအသင်းကို နှစ်မှတ်ဖြတ်ကာ ဇယားထိပ်မှာ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ဗလင်စီယာအသင်းကတော့ ဘာစီလိုနာအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် လာလီဂါပွဲစဉ်()အပြီးမှာ အမှတ်ပေးဇယား အဆင့်(၂၀)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။             

ငွေကြယ်

No comments

Powered by Blogger.