MFF ယူ-၁၉ လူငယ်ဖူဆယ်လိဂ်ပြိုင်ပွဲတွင် Pacific Sun Far အသင်း ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်

 


ရန်ကုန်     စက်တင်ဘာ    

၂၀၂၆   MFF   ယူ-၁၉   လူငယ်ဖူဆယ်လိဂ်ပြိုင်ပွဲ   ပထမအကျော့ နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် ၁၁ ကို ယနေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပရာ  Pacific Sun Far အသင်း ပထမအကျော့ပွဲအားလုံး အနိုင်ရရှိပြီး ရာသီဝက် ချန်ပီယံအဖြစ် ရပ်တည်ခဲ့သည်။ 

Pacific Sun Far အသင်းသည် ပထမအကျော့ နောက်ဆုံးပွဲတွင် YCDC Dream Team အသင်းကို ဂိုးပြတ်အနိုင်ယူပြီး ပထမအကျော့ပွဲအားလုံး အနိုင်ရခဲ့ခြင်းဖြစ်သည်။ ပွဲစဉ် (၁၁) တွင် Royal Noka အသင်း က United City အသင်းကို ခြောက်ဂိုး-သုံးဂိုး၊ MIU အသင်းက မင်္ဂလာဒုံစီးတီးအသင်းကို ၁၄ ဂိုး-တစ်ဂိုး၊ Pacific Sun Far အသင်းက YCDC Dream Team အသင်းကို ခြောက်ဂိုး-နှစ်ဂိုး၊ ULAD အသင်းက JV အသင်းကို ခုနစ်ဂိုး-နှစ်ဂိုး၊ YRG အသင်းက Gold Dream အသင်းကို လေးဂိုး-ဂိုးမရှိဖြင့်  အနိုင်ရရှိပြီး Burmese Warriors အသင်းနှင့် ရွှေပြည်သာယူနိုက်တက်အသင်းတို့ သုံးဂိုးစီသရေကျခဲ့သည်။

ပထမအကျော့အပြီးတွင် Pacific Sun Far အသင်း က ၃၃ မှတ်ဖြင့် ရာသီဝက်ချန်ပီယံဖြစ်ခဲ့ပြီး MIU အသင်းနှင့်  YRG အသင်းက ၂၈ မှတ်စီ၊  YCDC Dream  Team အသင်းက ၂၂ မှတ်၊   ULAD အသင်းက ၂၁ မှတ်၊  Gold Dream အသင်းက  ၁၈ မှတ်၊  JV အသင်းက ၁၆ မှတ်၊  United City အသင်းနှင့် Royal Noka အသင်းက ကိုးမှတ်စီ၊  ရွှေပြည်သာ ယူနိုက်တက်အသင်းက  လေးမှတ်၊ မင်္ဂလာဒုံစီးတီးအသင်းက သုံးမှတ်၊  Burmese Warriors အသင်းက တစ်မှတ်ရရှိထားသည်။                            

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-MFF

No comments

Powered by Blogger.