ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်ခြောက်မြို့နယ်ရှိ ရပ်ကွက် ၁၉ ခုနှင့် ကျေးရွာအချို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သဖြင့် ကူညီကယ်ဆယ်ရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော် စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း
ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့်
ငဝန်မြစ်ရေကာတာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်၊ ကျေးရွာများအတွင်း
ရေဖြတ်သန်းစီးဆင်းဝင်ရောက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ရေဝင်ရောက်မှုကြောင့် ယနေ့အထိ
လေးမျက်နှာမြို့ပေါ် ရပ်ကွက် ငါးခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငသိုင်းချောင်း၊
ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်တို့ရှိ ရပ်ကွက် ၁၄ ခုနှင့် ကျေးရွာအချို့တို့တွင်
ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သော်လည်း
ရေကြည်မြို့နယ်၌ ဩဂုတ် ၂၄ ရက်တွင် ၁၁ ပေ နှစ်လက်မခန့်ထိ အမြင့်ဆုံးဝင်ရောက်ခဲ့ပြီး
ယနေ့တွင် ခုနစ်ပေ နှစ်လက်မခန့်သာ ကျန်ရှိတော့သဖြင့် သုံးပေ လေးလက်မခန့် ဆက်လက် ကျဆင်းသွားခဲ့ကြောင်း၊
ကျောင်းကုန်းမြို့တွင် ငဝန်မြစ်ရေသည် ဩဂုတ် ၃၀ ရက်တွင် ခုနစ်ပေ တစ်လက်မခန့်အထိ အမြင့်ဆုံးဝင်ရောက်ခဲ့ပြီး
ယနေ့တွင် ခြောက်ပေ ရှစ်လက်မခန့်သာကျန်ရှိသဖြင့် ငါးလက်မခန့်အထိ ကျဆင်းသွားခဲ့ကြောင်း
သိရသည်။
အဆိုပါဒေသရှိ ရေပြန်လည်ကျဆင်းသွားသည့်
မြို့ရွာများမှ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဘုန်းတော်ကြီးကျောင်းများတွင်
တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအား အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့်
ဒေသခံတိုင်းရင်းသားများပူးပေါင်း၍ ဖယ်ရှား ရှင်းလင်းပေးခြင်း၊ ရေဘေးသင့်ပြည်သူများအား
စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို
အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခြင်းတို့ကို
ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသည်။
ထို့ပြင် ငဝန်ပန်းတာရေဝင်ရောက်မှုကို
ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နည်းပညာများအသုံးပြုရန် Geobags သဲအိတ်ကြီးများချခြင်း၊
မျောတုတ်တန်းများအတွင်း သဲအိတ်များဖြည့်၍ကာကွယ်ခြင်းနှင့် Steel Sheet Pile ရိုက်သွင်းခြင်း
စသည့်ငဝန်ပန်းတာတမံနိမ့်ကျနေရာများ ပြန်လည်ခိုင်မာရေး လုပ်ငန်းများကို စက်ယန္တရားများနှင့်
လုပ်အားစုများ အသုံးပြု၍ အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကူညီကယ်ဆယ်ရေးနှင့် ရေဝင်ရောက်မှု
တားဆီးကာကွယ်ရေး လုပ်ငန်းဆောင်ရွက် နေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက
သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း
သိရသည်။
သတင်းစဉ်

No comments