ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် ရန်ကုန်မြို့ရှိ ရုရှားသံရုံးမှ စီးပွားရေးသံမှူး Mr. Andrei Iunak အား လက်ခံတွေ့ဆုံ
နေပြည်တော် စက်တင်ဘာ ၁၄
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရန်ကုန်မြို့ရှိ ရုရှား သံရုံးမှ စီးပွားရေးသံမှူး Mr. Andrei Iunak အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရုံးအမှတ် (၂၆) ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား ဘဏ်လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။
Mr. Andrei Iunak အနေဖြင့် ရန်ကုန်မြို့ရှိ ရုရှား သံရုံးတွင် စီးပွားရေးသံမှူးအဖြစ် တာဝန်ထမ်းဆောင် မှု ပြီးဆုံးပြီဖြစ်သဖြင့် ပြည်ထောင်စုဝန်ကြီးအား ဂါရဝပြုနှုတ်ဆက်ရန် လာရောက်တွေ့ဆုံခြင်းဖြစ် ကြောင်း သိရသည်။
သတင်းစဉ်

No comments