(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

 


ထားဝယ် စက်တင်ဘာ ၁၄

 

(၆၂)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် အမှတ်(၁၂) တပ်မတော်ဆေးရုံ (ခုတင်-၁၀၀)၌ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဦးဆောင်၍ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုဝင်များက စုပေါင်းသွေးလှူဒါန်းကြသည်။

 

စုပေါင်း သွေးလှူဒါန်းမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး အားဖြည့်ဆေးဝါးများနှင့် အာဟာရဖြည့် အစားအစာများ ပေးအပ်ကြသည်။

 

ဆက်လက်၍ အမှတ်(၁၂)တပ်မတော်ဆေးရုံ(ခုတင်-၁၀၀)၌ အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အပြစ်မဲ့ ပြည်သူများနှင့် တပ်မတော်သားများ ထိခိုက်ဒဏ်ရာရရှိမှု၊ ဆေးဝါးကုသပေးမှုအခြေအနေကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးကာ ချီးမြှင့်ငွေများ ပေးအပ်သည်။

 

ထိုမှတစ်ဆင့် တိုင်းဒေသကြီး ကုသရေးဦးစီးဌာန ခုတင်(၃၀၀) ဆံ့ ထားဝယ်ပြည်သူ့ဆေးရုံကြီး၌ (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ စုပေါင်းသွေးလှူဒါန်းမှုကို ကြည့်ရှုအားပေးပြီး အားဖြည့်ဆေးဝါးများနှင့် အာဟာရဖြည့်အစားအစာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.