၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်
နေပြည်တော် စက်တင်ဘာ ၇
အားကစားရေးရာဝန်ကြီးဌာနနှင့်
မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် ဝန်ကြီးဌာန
ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို
စက်တင်ဘာ ၉ ရက် မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါအခမ်းအနား ကျင်းပပုံများကို ယင်းနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်မှစတင်၍ MRTV HD Channel၊ MRTV Sports Channelနှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။
သတင်းစဉ်

No comments