မြောင်းမြမြို့၌ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ ကျင်းပ

 



မြောင်းမြ စက်တင်ဘာ ၃


ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးသည် ယမန်နေ့မွန်းလွဲပိုင်းက မြောင်းမြမြို့နယ်ရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးက အမှာစကားပြောကြားသည်။ ဆက်လက်၍ MSME လုပ်ငန်းရှင်များက လုပ်ငန်းဆိုင်ရာများကို တင်ပြဆွေးနွေးခြင်းနှင့် အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဇေယျာ(ပြန်/ဆက်)

No comments

Powered by Blogger.