OpenAI ၏ AI အေးဂျင့်က ဩစတြေးလျအစိုးရ Medicare ဝက်ဘ်ဆိုက်သို့ ချိုးဖောက်ဝင်ရောက်

 


ကန်ဘာရာ   စက်တင်ဘာ   ၂၄

ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်က  OpenAI ၏  AI အေးဂျင့်တစ်ခုသည် ဆေးဘက်ဆိုင်ရာ စာရင်းအင်းအချက်အလက်များ ဖော်ပြထားသည့် ဩစတြေးလျအစိုးရဝက်ဘ်ဆိုက်တစ်ခုသို့ ခွင့်ပြုချက် မရှိဘဲ   ဝင်ရောက်ခဲ့မှုနှင့်ပတ်သက်၍   အလွန်အမင်းစိုးရိမ်ကြောင်း စက်တင်ဘာ ၂၄ ရက်တွင် ပြောကြားသည်။

အဆိုပါဖြစ်စဉ်သည် ဇွန် ၁၈ ရက်တွင်ဖြစ်ပွားခဲ့ပြီး OpenAI ၏  AI အေးဂျင့်က ဩစတြေးလျအစိုးရ၏ Medicare စာရင်းအင်းအစီရင်ခံ ရေးဝန်ဆောင်မှု ဝက်ဘ်ဆိုက်သို့  ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း    အယ်လ်ဘာနီးစ်က   နယူးယောက်မြို့၌   ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါဝက်ဘ်ဆိုက်သည်   ဩစတြေးလျ၏  Medicare  စနစ်နှင့် သက်ဆိုင်သည့် ဆေးဘက်ဆိုင်ရာ စာရင်းအင်းများနှင့် အသုံးစရိတ်ဆိုင်ရာအချက်အလက်များကို အများပြည်သူကြည့်ရှုနိုင်ရန် ဖော်ပြထားသည့်  ဝက်ဘ်ဆိုက်ဖြစ်သည်။ OpenAI ၏ AI အေးဂျင့်သည် ဩစတြေးလျနိုင်ငံနှင့်ပတ်သက်သည့်  အချက်အလက်များကို  ရှာဖွေလေ့လာနေစဉ် အများပြည်သူကြည့်ရှုနိုင်သည့်ဖိုင်များအပြင် အများပြည်သူကြည့်ရှုခွင့်မရှိသည့် ဖိုင်အချို့ကိုပါ ဝင်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

OpenAI  သည်    ယင်းဖြစ်စဉ်ကို     ဩဂုတ်လတွင်သိရှိခဲ့ပြီး ဩစတြေးလျအစိုးရကို စက်တင်ဘာ ၁၀ ရက်တွင် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဖြစ်စဉ်ဖြစ်ပွားသည့် ဇွန် ၁၈ ရက်မှ အစိုးရထံ အကြောင်းကြားသည့် အချိန်အထိ သုံးလနီးပါးကြာမြင့်ခဲ့သည်။

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.