သာစည်မြို့နယ်၌ လူဦးရေ ၅၀၄ ဦးအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး Pfizer အပိုဆောင်းထိုးနှံပေး
သာစည် စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် လူဦးရေ ၅၀၄ ဦးအား စက်တင်ဘာ ၃ ရက် နံနက် ၉ နာရီက မြို့နယ်စည်ပင်သာယာရုံးခန်းမတွင် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေး Pfizer ကို အပိုဆောင်း ထိုးနှံပေးသည်။
ကာကွယ်ဆေးထိုးနှံရာတွင် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မန္တလေးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ က ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဒေသခံပြည်သူ စုစုပေါင်း ၅၀၄ ဦးအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး Pfizer ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်း(သာစည်)
.jpg)
No comments