မလေးရှား၌ ကျင်းပမည့် PIEC 2026 ပြိုင်ပွဲသို့ မြန်မာ eFootball အဖွဲ့ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ကြားခံရ
ရန်ကုန် စက်တင်ဘာ ၇
မလေးရှားနိုင်ငံမှ ဦးဆောင်ကျင်းပသည့် Perak International Esports Championship
(PIEC) 2026 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ eFootball (Mobile)
အားကစားသမားများ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ကြားခံရကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို
မလေးရှား အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်(MESF)က ကြီးမှူး၍
လာမည့် စက်တင်ဘာ ၁၈ ရက်မှ ၂၀ ရက်အထိ မလေးရှားနိုင်ငံ ပီရတ်ပြည်နယ် အီပိုးမြို့၌ ကျင်းပသွားမည်ဖြစ်ပြီး
စုစုပေါင်း ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၅၀၀၀ ခန့် ချီးမြှင့်သွားမည်ဖြစ်သည်။
PIEC 2026 နိုင်ငံတကာစင်မြင့်ထက်တွင်
မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်မည့်
အားကစားသမား ရွေးချယ်ရန်အတွက် မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ချုပ်က
အမျိုးသားအဆင့်ခြေစစ်ပွဲ (National Qualifier) ကို လာမည့် စက်တင်ဘာ ၁၂ ရက် နှင့် ၁၃ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး
eFootball အားကစားကို ဝါသနာပါသည့်
လူငယ်များအနေဖြင့် အမျိုးသားအဆင့် ခြေစစ်ပွဲတွင် စာရင်းပေးသွင်းကာ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း
သိရသည်။
နေမျိုး

No comments