မြေကို ပိုင်ဆိုင်မှု (Title) ရှိသည် ဆိုရာတွင်

 


စာရေးသူ ဦးမောင်မောင်ညွန့်ရေးသားထားသော မြေကိုပိုင်ဆိုင်မှု (Title) ရှိသည်ဆိုရာတွင် စာအုပ်ထွက်ရှိလာသည်။

 

ဤစာအုပ်တွင် မြေကိုပိုင်ဆိုင်မှုနှင့်စပ်လျဉ်း၍ အုပ်ချုပ်ရေး ရှုထောင့်နှင့် တရားစီရင်ရေး ရှုထောင့်တို့မှ ဆွေးနွေးတင်ပြထားသည်။ ထို့ပြင် Ownership, Title, Tenure တို့၏ ကွဲပြားခြားနားမှုများ၊ ကြေးတိုင်နှင့် မြေစာရင်းတွင် အမည်ပေါက်ခြင်းက Title ကို အမှန်တကယ် အာမခံနိုင်ခြင်း ရှိ မရှိ၊ Possession (လက်ရှိထားမှု) နှင့် Title (ပိုင်ဆိုင်မှု) တို့၏ ဥပဒေအရ ကွာခြားချက်၊ မြေခွန်ဆောင်ထားခြင်း၏ ဥပဒေအကျိုးသက်ရောက်မှု၊ အရပ်စာချုပ်ဖြင့် ဝယ်ယူထားသော မြေများအပေါ် တရားရုံးများ၏ သဘောထား၊ အုပ်ချုပ်ရေးအယူအဆနှင့် တရားစီရင်ရေးအယူအဆတို့ အဘယ်ကြောင့် ကွဲပြားနေသည်တို့ကို မြန်မာဘုရင်များလက်ထက် သမိုင်းအထောက်အထားများ၊ အင်္ဂလိပ်ခေတ် ဥပဒေပြဋ္ဌာန်းချက်များ၊ မြေစာရင်းလက်စွဲများနှင့် ခေတ်အဆက်ဆက်ထွက်ပေါ်ခဲ့သော ‘အင်္ဂလိပ် မြန်မာ စီရင်ထုံးများကို အခြေခံ၍ စနစ်တကျ လေ့လာတင်ပြထားသည်။

 

ယခုစာအုပ်သည် မြေယာစီမံခန့်ခွဲသူများ၊ ဥပဒေပညာရှင်များ၊ ရှေ့နေရှေ့ရပ်များ၊ ဥပဒေကျောင်းသား ကျောင်းသူများအတွက် တန်ဖိုးရှိသော ရည်ညွှန်းလက်စွဲစာအုပ်တစ်အုပ် ဖြစ်သကဲ့သို့ မိမိ၏ မြေပိုင်ဆိုင်မှု အထောက်အထားများ ဥပဒေအရ မည်မျှခိုင်မာသည်ကို သိရှိလိုသူတိုင်း ဖတ်ရှုသင့်သောစာအုပ် ဖြစ်သည်။

 

ဤစာအုပ်ကို Wisdom House စာအုပ်တိုက်က တန်ဖိုးငွေကျပ် ၂၅၀၀၀ ဖြင့် ထုတ်ဝေဖြန့်ချိသည်။

ကြေးမုံ

No comments

Powered by Blogger.