သရက်ချောင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများထောက်ပံ့လှူဒါန်း
သရက်ချောင်း အောက်တိုဘာ ၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မိုးသည်ထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေနှင့် လပြည့်ရက် ဒီရေတက်ချိန်တို့တိုက်ဆိုင်၍ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ယခုအခါရေကျဆင်းသွားပြီဖြစ်၍ ရေဘေးသင့်ပြည်သူများအနေဖြင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် သရက်ချောင်းမြို့နယ်လုံးဆိုင်ရာ မြတ်ပါရမီပရဟိတအသင်းမှ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများထောက်ပံ့
လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် သရက်ချောင်းမြို့နယ်လုံးဆိုင်ရာ မြတ်ပါရမီပရဟိတအသင်းမှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များ၊ ပရဟိတညီအကိုမောင်နှမများစုပေါင်းကာ မြိုနယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများထံသို့ ကိုယ်တိုင်ကိုယ်ချသွားရောက်ကာ ရေသန့်၊ မုန့်၊ အဝတ်အထည်၊ မာမား၊ ခေါက်ဆွဲခြောက်၊ ဆန်အိတ်၊ ကော်ဖီ နှင့် လူသုံးကုန်ပစ္စည်းများစသည့်ပစ္စည်းများနှင့် အလှူငွေများလည်းထောက်ပံ့လှူဒါန်းကြောင်းသိရပြီး ရေဘေးသင့်ပြည်သူများ ထောက်ပံ့လှူဒါန်းရန် လှူငွေများအား မြတ်ပါရမီပရဟိတအသင်းမှ တာဝန်ရှိသူများထံသို့ ဆက်သွယ်၍ လှူဒါန်းနိုင်ကြောင်းသတင်းရရှိသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)
.jpg)
No comments