ပေါက်ခေါင်းမြို့နယ်၌ ပဲတီစိမ်း (၇၁၁)ဧက ရိတ်သိမ်းပြီးစီး၍ (၁၄၇၉၅)တင်းထွက်ရှိ
ပေါက်ခေါင်း အောက်တိုဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပဲတီစိမ်းကို လျာထားချက်ပြည့်မှီစွာစိုက်ပျိုးနိုင်ခဲ့ပြီး (၇၁၁)ဧက ရိတ်သိမ်းပြီးဖြစ်ရာ (၁၄၇၉၅ )တင်း ထွက်ရှိ၍ အထွက်နှုန်းကောင်းမွန်ကြောင်းသိရသည်။
ယခုနှစ်တွင် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအနေဖြင့် ပဲတီစိမ်းကို စိုက်ပျိုးရေး ဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဧကပေါင်း (၁၁၃၄)ဧက လျာထားစိုက်ပျိုးပြီးစီးပြီဖြစ်၍ (၇၁၁)ဧကကို ရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧကအထွက်နှုန်း(၂၀.၈၁)ရာခိုင်နှုန်းဖြင့် (၁၄၇၉၅)တင်း ထွက်ရှိကြောင်း မြို့နယ် စိုက်ပျိုး ရေးဦးစီးဌာနမှသိရပြီး အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များ ရရှိရေးနှင့် စိုက်ပျိုးရာတွင် ထိရောက်လွယ်ကူအဆင်ပြေစေသော စိုက်ပျိုးရေးနည်းစနစ်ကောင်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ အထူး အလေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖုန်းကျော်ဇင် (ပြန်/ဆက်)

No comments