လစ်ဗျားက စိုက်ပျိုးရေးထုတ်ကုန်များ ပြည်ပသို့တင်ပို့မှု ပိတ်ပင်တားမြစ်
ထရီပိုလီ အောက်တိုဘာ ၅
လစ်ဗျားစီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး ဆူဟေးလ်အဘူလ် ရှီဟာသည် အောက်တိုဘာ ၄ ရက်တွင် ပို့ကုန်လုပ်ငန်းစဉ်များကို စိစစ်ထိန်းချုပ်ရန် ဆုံးဖြတ်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ
ကုန်ပစ္စည်းများနှင့်ထုတ်ကုန်များ ပြည်ပသို့ တင်ပို့ခြင်းနှင့် ပြန်လည်တင်ပို့ခြင်းများအပေါ် ကန့်သတ်ချက်များစွာပါဝင်ကြောင်း သိရသည်။
အဆိုပါ ဆုံးဖြတ်ချက်အရ
စွန်ပလွံသီးမှလွဲ၍ စိုက်ပျိုးရေးထုတ်ကုန်အားလုံးကို ပြည်ပသို့တင်ပို့မှု တားမြစ်ထားသည်။ ထို့အပြင် ပြည်တွင်းဈေးကွက်အခြေအနေတည်ငြိမ်မှုရရှိသည်အထိ ပြည်တွင်းစားသောက်ကုန်ပစ္စည်းများ ပြည်ပသို့ တင်ပို့မှုနှင့် ပြည်ပမှတင်သွင်းထားသော
ကုန်ပစ္စည်းများနှင့် ထုတ်ကုန်အမျိုးအစားအားလုံး ပြည်ပသို့ ပြန်လည်တင်ပို့မှုကို တားမြစ်ပိတ်ပင်ထားသည်။
ယင်းဆုံးဖြတ်ချက်သည်
တင်ပို့မှုလုပ်ငန်းစဉ်များကို စိစစ်ထိန်းချုပ်ရန်နှင့် ပြည်တွင်းဈေးကွက်တွင် ကုန်ပစ္စည်းများနှင့် ထုတ်ကုန်များ လုံလောက်စွာရရှိစေရန်
ရည်ရွယ်ခြင်းဖြစ်သည်။
ဆင်ဟွာ

No comments