တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကျင်းပ
မုံရွာ အောက်တိုဘာ ၆
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကို ယနေ့နံနက် ၁၀ နာရီတွင် မုံရွာမြို့ရှိ စစ်ကိုင်း တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က အစည်းအဝေး တက်ရောက်မှု အခြေအနေကို လွှတ်တော်သို့တင်ပြပြီး အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြု မှတ်တမ်းတင်သည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးက ကြယ်ပွင့်ပြမေးခွန်း ၁၂ ခုကို မေးမြန်းကြရာ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားပြီး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် အဆိုပြုသည့် တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးကြီး စောရန်အောင်ကို ခန့်အပ်တာဝန်ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားကို ရယူရာလွှတ်တော်က သဘောတူသည့်အတွက် အတည်ပြုကြောင်း ကြေညာကာ တတိယအကြိမ် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ရပ်နားလိုက်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments