တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(ဒုတိယနေ့) ကျင်းပ



ထားဝယ် အောက်တိုဘာ ၆


တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို ယနေ့နံနက် ၁၀ နာရီတွင် ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက အစည်းအဝေး တက်ရောက်မှု အခြေအနေကို လွှတ်တော်သို့တင်ပြပြီး အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှု အခြေအနေကို အတည်ပြုမှတ်တမ်းတင်သည်။


ထို့ပြင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း ၁၁ ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေ ငွေစာရင်းများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ လွှတ်တော်က အတည်ပြုခြင်းတို့ကို ဆောင်ရွက် ခဲ့ကြပြီး တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး(ဒုတိယနေ့)ကို ရပ်နားလိုက်ကြောင်းနှင့် စတုတ္ထပုံမှန်အစည်းအဝေး (တတိယနေ့) ကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.