ထိုင်းနိုင်ငံ၌ လူဝင်မှုကြီးကြပ်ရေး အပလီကေးရှင်း အကောင်အထည်ဖော်ဆောင်ရွက်
ဗန်ကောက် အောက်တိုဘာ ၄
ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဗျူရိုသည်
ပြည်ပခရီးသွားများ နိုင်ငံအတွင်းဝင်ရောက်မှုလွယ်ကူစေရေးအတွက်
(THIM) ခေါ် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အက်ပလီကေးရှင်းအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း
သိရသည်။ ပြည်ဝင်ခွင့်ဆိုင်ရာလုပ်ငန်းများ
လွယ်ကူစေရေးနှင့် ပြည်ပခရီးသွားများ
ထိုင်းနိုင်ငံအတွင်း တည်းခိုနေထိုင်ရာတွင် ချောမွေ့စေရေးအပြင်
ယခုနှစ်တွင် ပြည်ပခရီးသွား
၃၃ သန်းအား နိုင်ငံအတွင်းလာရောက်ရေး ရည်မှန်းချက်ကို အောင်မြင်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံအတွင်းသို့ ပြည်ပခရီးသွားများ အများအပြားလာရောက်ခြင်းဖြင့် လေဆိပ်များနှင့် နယ်စပ်ဂိတ်များတွင်
လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများအပေါ်တွင် ဖိအားများရှိလာခဲ့ကြောင်း
လူဝင်မှုကြီးကြပ်ရေး ဗျူရိုကော်မရှင်နာ ရဲဒုတိယဗိုလ်ချုပ်ကြီး ပါနူမတ်ဘွန်ယာလက်က ပြောကြားသည်။ လူဝင်မှုကြီးကြပ်ရေးဗျူရိုအနေဖြင့်
ပြည်ပခရီးသွားများအား လူဝင်မှုကြီးကြပ်ရေးကောင်တာများတွင် အချိန်ကြာမြင့်ခြင်းကိုလျှော့ချရန်
ရည်ရွယ် ပြီး လုပ်ငန်းဆောင်ရွက်ရန် စုစုပေါင်း အချိန်စက္ကန့် ၄၀ သာ ရယူဆောင်ရွက်မည်ဖြစ်ကြောင်း
လူဝင်မှုကြီးကြပ်ရေးဗျူရို ဒုတိယကော်မရှင်နာ ရဲမှူးချုပ် ပရတ်ချယာ ပရာဆန်ဆွတ်က ပြောကြားသည်။ အဆိုပါအပလီကေးရှင်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည်
ပြီးပြည့်စုံသည့် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးလမ်းပြမြေပုံ၏
မဟာဗျူဟာမြောက် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
လက်ရှိတွင်
THIM စနစ်၌ ဒစ်ဂျစ်တယ်ဆိုက်ရောက်မှုမှတ်ပုံတင်စနစ်ကို ပေါင်းစပ်ထည့်သွင်းထားပြီး
ခရီးသွားများအနေဖြင့် ခရီးမစတင်မီ အွန်လိုင်းမှတစ်ဆင့် မိမိတို့၏အချက်အလက်များကို
ပေးပို့နိုင်ပြီဖြစ်သည်။ နောက်ဆက်တွဲ အဆင့်များတွင် တန်းစီစနစ်အတွက် ရက်ချိန်းရယူခြင်း၊ ဗီဇာသက်တမ်းတိုးခြင်း၊
ရက်ပေါင်း ၉၀ နေထိုင်မှု အခြေအနေ သတင်းပို့ခြင်း၊ နေထိုင်ခွင့်လက်မှတ် ထုတ်ပေးခြင်းနှင့်
ရောက်ရှိဗီဇာလျှောက်ထားခြင်း စသည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများပါ ပါဝင်လာစေရန် ယခုစနစ်ကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
VN Express

No comments