ပြင်ဦးလွင်မြို့နယ်၌ တောတွင်းတောင်တက်အပြေးလမ်းကြမ်းပြိုင်ပွဲ ကျင်းပ

 


ပြင်ဦးလွင်  အောက်တိုဘာ  ၁၁

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် UMTR. group  (mandalay) တို့    ပူးပေါင်းကျင်းပသည့် (အမျိုးသား/  အမျိုးသမီး) 15 km  /  30 km /   50   km)  Event    သုံးမျိုးဖြင့် တောတွင်း တောင်တက်အပြေးလမ်းကြမ်းပြိုင်ပွဲကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့  ထင်းရှူးတောအတွင်း၌ ကျင်းပသည်။

အပြေးပြိုင်ပွဲကို   ခရိုင်စီမံခန့်ခွဲရေးနှင့်  အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးရဲထူး၊   UMTR. group (mandalay) ဥက္ကဋ္ဌနှင့်  ခရိုင်အားကစားမှူးတို့က နံနက် ၆ နာရီခွဲတွင် တာလွှတ်စင်မြင့်ထက်မှ  အလံချိုးလျက်ပြိုင်ပွဲကို တာလွှတ်‌ပေးသည်။

ထို့နောက် မွန်းလွဲ ၃ နာရီတွင် ပြိုင်ပွဲအသီးသီးမှ  ဆုရကစားသမားများအား ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့်  အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ UMTR . group (mandalay) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ငွေသားဆုနှင့် အမှတ်တရဆုများ ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါပြိုင်ပွဲသုံးမျိုးတွင် ကစားသမား အမျိုးသား ၅၉၁ ဦး၊ အမျိုးသမီး   ၃၆၁   ဦး စုစုပေါင်း  ၉၅၂  ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း  သိရသည်။             

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.