နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အရာထမ်းငယ်သင်တန်းအမှတ်စဉ် (၁၃၈) သင်တန်းဖွင့်

 



ရန်ကုန် အောက်တိုဘာ ၅


အရာထမ်းငယ် သင်တန်း အမှတ်စဉ်(၁၃၈) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက် မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဦးကျော် ထွေးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)၊ ဌာနမှူးများ၊ ပညာဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်းများမှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။


အရာထမ်းငယ် သင်တန်း အမှတ်စဉ်(၁၃၈)သို့ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ သင်တန်းသား ၂၅၂ ဦး၊ သင်တန်း သူ ၄၉၈ ဦး စုစုပေါင်း ၇၅၀ တက်ရောက်ကြကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.