အာဖဂန်လုံခြုံရေးတပ်ဖွဲ့များက လူကုန်ကူးမှု သံသယရှိသူ ၃၈ ဦးအား ဖမ်းဆီး၍ လူ ၂၃၅ ဦး ကယ်တင်နိုင်
ကဘူးလ် အောက်တိုဘာ ၅
အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း နင်ရော့ဇ်ပြည်နယ်၌ အောက်တိုဘာ ၄ ရက်က လူကုန်ကူးသူများဟု သံသယ ရှိသူ
၃၈ ဦးအား ဖမ်းဆီးခဲ့ပြီး လူ ၂၃၅ ဦး ကို လူကုန်ကူးခံရခြင်းမှ တားဆီးနိုင်ခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ
မော်လဝီ ဂူလ် မိုဟာမက်ကူဒရက်က အောက်တိုဘာ ၅ ရက်တွင် ပြောကြားသည်။
လူကုန်ကူးမှု တားဆီးဟန့်တားရေးလှုပ်ရှားမှုတွင်
လုံခြုံရေးတပ်ဖွဲ့များသည် စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ရာ ပြီးခဲ့သည့်ရက်က ပြည်နယ်၏မြို့တော် ဇာရန်ဂျ်၊
ချာခန်ဆောနှင့် ကန်းခရိုင်တို့တွင် လူကုန်ကူးသူများထံမှ လူ ၂၃၅ ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း ၎င်းက
ပြောကြားသည်။
လူကုန်ကူးသူများဟု သံသယရှိသူများက
ထိခိုက်နစ်နာသူများအား တရားမဝင်နိုင်ငံပြင်ပသို့ ခေါ်ဆောင်ရန်ကြိုးပမ်းခဲ့ရာ လုံခြုံရေးတပ်ဖွဲ့များက
၎င်းတို့ထံမှယာဉ် ၁၀ စီးနှင့် မော်တော်ဆိုင်ကယ်အချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆင်ဟွာ

No comments