ဖိလစ်ပိုင်နိုင်ငံ၏ ပို့ကုန်မှာ ဩဂုတ်လအတွင်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၁၁ ဘီလီယံရရှိ
မနီလာ အောက်တိုဘာ ၅
ဖိလစ်ပိုင်နိုင်ငံ၏
ကုန်စည်တင်ပို့မှုမှာ ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၁၁ ဘီလီယံရှိရာ
၃၅ နှစ်အတွင်း အမြင့်ဆုံးစံချိန်တင်ခဲ့ကြောင်းနှင့် ယမန်နှစ်ကထက် ၂၇ ဒသမ ၈ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း
ပြည်တွင်းမီဒီယာများက အောက်တိုဘာ ၄ ရက် တွင် ထုတ်ပြန်ထားသည်။
ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ကုန်စည်တင်ပို့မှုမှာ ဒေါ်လာ ၆၄ ဒသမ ၀၄ ဘီလီယံရှိရာ ယမန်နှစ်ကထက်
၁၄ ဒသမ ၈ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့(PSA)က ပြောကြားသည်။ အီလက်ထရွန်နစ်ထုတ်ကုန်များသည် ပို့ကုန်တင်ပို့မှု၏ အဓိကမောင်းနှင်အားဖြစ်ပြီး ဩဂုတ်လအတွင်း စုစုပေါင်း ဒေါ်လာ
၆ ဒသမ ၂ ဘီလီယံရှိရာ ယမန်နှစ်ကထက် ဒေါ်လာ ၂ ဒသမ ၃၂ ဘီလီယံ တိုးလာကြောင်း ဖိလစ်ပိုင်စာရင်းအင်း
အာဏာပိုင်အဖွဲ့က ပြောကြားသည်။
ဆင်ဟွာ

No comments