အယ်လ်နီညိုကြောင့် ရေကြီးရေလျှံမှုအန္တရာယ်အတွက် ဆိုမာလီယာ အရေးပေါ်သတိပေးချက်ထုတ်ပြန်

 


မိုဂါဒစ်ရှူး  အောက်တိုဘာ  ၅

ဆိုမာလီယာနိုင်ငံသည်  အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့်ဆက်နွှယ်၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှု များ ဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်သတိပေးမှုနှင့် ဘေးလွတ်ရာရွှေ့ပြောင်းရေး စီမံဆောင်ရွက်မှုများ အားကောင်းစေရေးကို ရှေးရှုကာ ရေဘေးအန္တရာယ်ကျရောက်လွယ်သော   ဒေသများတွင် နေထိုင်ကြသူများအတွက်  အရေးပေါ်သတိပေးချက်ထုတ်ပြန်လိုက်သည်။

ဆိုမာလီယာနိုင်ငံသည် မိုးရာသီသို့ ဝင်ရောက်လာပြီဖြစ်ကြောင်းနှင့် ဒေသအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းနိုင်  ကြောင်း   ဆိုမာလီယာဘေးအန္တရာယ်စီမံ ခန့်ခွဲရေးအေဂျင်စီ (SoDMA)က အောက်တိုဘာ ၄ ရက်က  ထုတ်ပြန်ထား သည်။ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုတို့အတွက် ကြိုတင်ပြင်ဆင်နိုင်ရေး သတိဝီရိယရှိကြရန် နှင့်လိုအပ်သည့် ကာကွယ်ရေးစီမံဆောင်ရွက်မှုများထားရှိကြရန် SoDMA က ပြည်သူများအား တိုက်တွန်းထားသည်။

ဆိုမာလီယာမိုးလေဝသပညာရှင်များက ၂၀၂၆ ခုနှစ်သည် အလွန်အားကောင်းသော အယ်လ်နီညိုနှစ်ဖြစ်ကြောင်း အတည်ပြုထားပြီး မိုးရာသီကာလ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ထူးကဲသည့် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားသည်။  SoDMA ၏ ထုတ်ပြန်ချက်အရ အကြီးမားဆုံးအန္တရာယ်မှာ ဂျူဘားနှင့် ရှာဘယ်လီမြစ်ဝှမ်းတစ်လျှောက်တွင်ဖြစ်သည်။

စက်တင်ဘာလတွင် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက အယ်လ်နီညိုကြောင့်  မိုးရွာ သွန်းမှုနှင့် ဆိုးရွားပြင်းထန်သော  ရေကြီးရေလျှံမှုများကြောင့်  အောက်တိုဘာလနှင့်  ဒီဇင်ဘာလကြားတွင်  ဆိုမာလီယာနိုင်ငံတစ်ဝန်း  ဒေသ ၁၆ ခုမှ လူပေါင်း   ၃  ဒသမ  ၄  သန်းအထိ ဘေးသင့်မှုများဖြစ်ပွားနိုင်ကြောင်း   ခန့်မှန်းထားသည်။

ဆင်ဟွာ

No comments

Powered by Blogger.