ထိုင်းနိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် ၃၁ ဦး သေဆုံးပြီး လူပေါင်း ၄ ဒသမ ၁၄ သန်းခန့် ရေဘေးသင့်
ဘန်ကောက် အောက်တိုဘာ ၅
စက်တင်ဘာ ၁၆ ရက်မှစတင်ကာ
ထိုင်းနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများ ဖြစ်ပွားမှုကြောင့် ၃၁ ဦး သေဆုံးကာ လူပေါင်း ၄ ဒသမ ၁၄ သန်းခန့်
ရေဘေးသင့်ခဲ့ကြောင်း အာဏာပိုင်များက အောက်တိုဘာ ၅ ရက်တွင် ပြောကြားသည်။
ပြည်နယ်ပေါင်း ၂၆ ခုနှင့်
မြို့တော်ဘန်ကောက်ရှိ လူပေါင်း ၃ ဒသမ ၅၂ သန်းနီးပါးသည် ရေကြီးရေလျှံမှုဒဏ်နှင့်
ရင်ဆိုင်နေကြရဆဲဖြစ်ကြောင်း ဘေးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် လျော့ပါးရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ
သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှု၊
မိုးသက်မုန်တိုင်းနှင့် လေပြင်းတိုက်ခတ်မှုများသည် မြို့တော် ဘန်ကောက်အပါအဝင် နိုင်ငံတစ်ဝန်း
ဒေသအနှံ့အပြား၌ အောက်တိုဘာ ၇ ရက်အထိဖြစ်ပေါ်နိုင်ကြောင်း အဆိုပါဦးစီးဌာနက
ပြောကြားသည်။
ဆင်ဟွာ

No comments