နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၂၀) သင်တန်းဖွင့်
ရန်ကုန် အောက်တိုဘာ
၁၉
စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ်
(၂၂၀) ၏ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)
ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး) ဒေါက်တာ ကျော်ကျော်မင်း၊
ဌာနမှူးများ၊ ပညာဌာနများမှ ပါမောက္ခ (ဌာန မှူး)များ၊ ပါမောက္ခများ၊ ဆရာဆရာမများ၊ ဝန်ကြီးဌာနများနှင့်
အစိုးရအဖွဲ့အစည်းများမှ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲတွင်
ဒုတိယပါမောက္ခချုပ် (သင်ကြားရေး) ဒေါက်တာ ကျော်ကျော်မင်းက အမှာစကားပြောကြားသည်။
စာရေးဝန်ထမ်းသင်တန်း
အမှတ်စဉ်(၂၂၀) သို့ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ သင်တန်းသား ၂၀၄ ဦး၊ သင်တန်း
သူ ၂၃၀ စုစုပေါင်း ၄၃၄ ဦး တက်ရောက်ပြီး အောက်တိုဘာ ၁၉ ရက်မှ ဒီဇင်ဘာ ၂၄ ရက် အထိ သင်တန်းကာလ
၁၀ ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments