ဒေးဒရဲမြို့နယ်၌ အကြိုအခြေခံမီးသတ်သင်တန်းဖွင့်



ဒေးဒရဲ အောက်တိုဘာ ၁၉

 

ဧရာဝတီတိုင်းဒေသကြီးဒေးဒရဲမြို့နယ်၌ အယ်လ်နီညိုကာလအတွင်း မီးလောင်မှု/ မီးလန့်မှု မဖြစ်ပွားစေရေးအတွက် ယနေ့နံနက်ပိုင်းက ဒေးဒရဲမြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမ၌ အကြိုအခြေခံမီးသတ် သင်တန်းဖွင့်လှစ်ခဲ့သည်။

 

အဆိုပါသင်တန်းကိုဈေးများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စက်ရုံ/အလုပ်ရုံများမှ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအား အကြိုအခြေခံမီးသတ် သင်တန်းဖွင့်လှစ်ခဲ့ရာ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးဇော်မင်းဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ပြောကြားခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က အမှာစကားပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ပြီးသင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအမှုဆောင် အရာရှိနှင့် လုပ်ငန်းရှင်များ၊ အရန်မီးသတ်ခေါင်းဆောင်များနှင့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင် အင်အား ၅၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မင်းထက်သာ

No comments

Powered by Blogger.