ဒေးဒရဲမြို့နယ်၌ ပြည်သူ့စကားဝိုင်း ကျင်းပ



ဒေးဒရဲ အောက်တိုဘာ ၁၉

 

ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် အကယ်ရွာမကျေးရွာရှိ သာသနာ့မာန်အောင် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ယနေ့မွန်းလွဲ ၁ နာရီက‌ ကျေးလက်‌‌‌‌‌‌‌‌‌ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ကျင်းပသည်။

 

အခမ်းအနားတွင် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကိုကျင်းပရာ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက သိရှိလိုသည်များနှင့် ဒေသလိုအပ်ချက်များကို ဆွေးနွေးမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။ ယင်းနောက် အယ်လ်နီညိုဖြစ်စဉ်များကြောင့် ဖြစ်ပွားလာနိုင်သည့် အပူဒဏ်အန္တရာယ်နှင့် ကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ကျေးရွာပြည်သူများက ပြန်လည်ပြုပြင်ရန် တင်ပြလာသည့် လမ်း၊ တံတားများကို သက်ဆိုင်ရာဌာနများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အေဇာလင်း

No comments

Powered by Blogger.