ဘရာဇီးနှင့်အမေရိကန်တို့ အခွန်စည်းကြပ်မှုနှင့်ပတ်သက်၍ ပူးတွဲလုပ်ငန်းဆောင်ရွက်ရန် သဘောတူ
ရီယိုဒီဂျနေရိုး
အောက်တိုဘာ ၁
ဘရာဇီးကုန်ပစ္စည်းများအပေါ်
အမေရိကန်၏ အခွန်စည်းကြပ်မှုနှင့် နှစ်နိုင်ငံကုန်သွယ်ရေး ကိစ္စရပ်များကို ဆွေးနွေးရန်အတွက်
ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန် ဘရာဇီးနှင့်အမေရိကန်တို့ သဘောတူခဲ့ကြသည်ဟု ဘရာဇီးနိုင်ငံ
ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုဝန်ကြီးဌာနက စက်တင်ဘာ
၃၀ ရက်တွင် ပြောသည်။
အဆိုပါသဘောတူညီမှုသည်
အမေရိကန်နိုင်ငံ ဝစ္စကွန်ဆင်ပြည်နယ်၌ ဘရာဇီးနိုင်ငံခြားရေးဝန်ကြီး မော်ရိုဗီအဲရာ၊ ဖွံ့ဖြိုးတိုးတက်ရေး၊
စက်မှုလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုဝန်ကြီး မာဆီယို အလိုင်း အက်စ်ရိုဆာနှင့်
အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ဂျေမီဆန် ဂရီယာတို့ကြား ဆွေးနွေးမှုများအပြီးတွင်
ပေါ်ပေါက်လာခြင်းဖြစ်သည်။ ၎င်းတို့သည် ဂျီ- ၂၀ ကုန်သွယ်ရေးဝန်ကြီးများ ဆွေးနွေးပွဲတွင်
တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
အမေရိကန်သည် လာမည့်သီတင်းပတ်များအတွင်း
ဆွေးနွေးညှိနှိုင်းမှုများတွင် ပါဝင်မည့် အကောက်ခွန်နှင့် အခြားကုန်သွယ်ရေး အတားအဆီးများအပါအဝင်
ဆွေးနွေးမှုအတိုင်းအတာနှင့် ပတ်သက်၍ အဆိုပြုချက်ကိုတင်သွင်းမည်ဟု ခန့်မှန်းရသည်ဟု ဝန်ကြီးဌာနက
ပြောသည်။
ဘရာဇီးနိုင်ငံ၏
အကျိုးစီးပွားနှင့် နှစ်နိုင်ငံစလုံး၏ စီးပွားရေးအခွင့်အလမ်းများကို ချဲ့ထွင်ရန် ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့်
အဖြေရှာရန်ဆန္ဒရှိကြောင်း ဘရာဇီးဝန်ကြီးများက ပြောသည်။
ဆင်ဟွာ

No comments