ဗီယက်နမ်နိုင်ငံလေဆိပ်များသည် ပထမကိုးလအတွင်း ခရီးသည် ၁၀၂ သန်းနီးပါးကို ဝန်ဆောင်မှုပေး



ဟနွိုင်း အောက်တိုဘာ ၁

 

ဗီယက်နမ်နိုင်ငံ၏ လေဆိပ်များသည် ၂၀၂၆ ခုနှစ် ပထမကိုးလအတွင်း ခရီးသည် ၁၀၂ သန်း နီးပါးကို ဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ အရေအတွက်မှာ ယမန်နှစ်ထက် ၁၂ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်ကြောင်း ဗီယက်နမ်အရပ်ဘက်လေကြောင်း အာဏာပိုင်အဖွဲ့ကို ကိုးကား၍ ဗီယက်နမ်သတင်း အေဂျင်စီက အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

 

နိုင်ငံတကာခရီးသည် သွားလာမှုမှာ အဆိုပါကာလအတွင်း ၃၉ သန်းကျော်ရှိရာ ယမန်နှစ်ကထက် ၁၄ ရာခိုင်နှုန်းတိုးလာကြောင်းနှင့် ပြည်တွင်းခရီးသည်သွားလာမှုမှာ ၆၂ သန်းကျော်ရှိရာ ၁၁ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

အလားတူ အဆိုပါကာလအတွင်း လေကြောင်းဖြင့်သယ်ယူပို့ဆောင်သည့် ကုန်ပစ္စည်းပမာဏမှာ တန်ချိန် ၁ ဒသမ ၄ သန်းရှိရာ ယမန်နှစ်ထက် ၁၀ ရာခိုင်နှုန်းကျော် တိုးမြင့်လာကြောင်း သိရသည်။ ဗီယက်နမ် လေကြောင်းလိုင်းများသည် ယင်းကာလအတွင်း နိုင်ငံတကာခရီးသည် ၁၅ သန်း နီးပါးနှင့် ပြည်တွင်းခရီးသည် ၃၁ သန်းကျော် အပါအဝင် ခရီးသည်စုစုပေါင်း ၄၆ သန်းကျော်ကို ဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

ဆင်ဟွာ

No comments

Powered by Blogger.