ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးရာသီ သီးနှံမျိုးစုံ ၇၇၄၉၉ ဧက စိုက်ပျိုးနိုင်




ကျွန်းလှ အောက်တိုဘာ ၂


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကိုအဓိက လုပ်ကိုင်ကြပြီး ယခုနှစ် မိုးရာသီ သီးနှံမျိုးစုံ ၇၇၄၉၉ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ကျွန်းလှမြို့နယ်၌ မိုးသီးနှံမျိုးစုံစိုက်ပျိုးမှုအနေဖြင့် စပါး ၃၃၂၆၃ ဧက၊ ပဲမျိုးစုံ ၁၆၉၁၃ ဧက၊ ဆီထွက်သီးနှံ ၇၂၈၅ ဧက၊ အခြားသီးနှံ ၁၈၄၈၉ ဧက၊ နှစ်ရှည်ပင် ၁၅၄၉ ဧက စုစုပေါင်း ၇၇၄၉၉ ဧက စိုက်ပျိုးခဲ့သည်။


“ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများမှာ မိုးကောင်းသောက်ဖြစ်သော်လည်း ချောင်းရေ၊ မြောင်းရေ၊ မြေအောက်ရေတင်ပြီး သီးနှံမျိုးစုံစိုက်ပျိုးကြပါတယ်။ ဒီနှစ် မိုးရာသီမှာ သီးနှံမျိုးစုံ ၇၇၄၉၉ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။


တစ်ချို့သီးနှံတွေရိတ်သိမ်းနေကြပြီး သီးထပ်စိုက်ပျိုးကြဖို့ တောင်သူတွေနဲ့ ဆွေးနွေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။


အဆိုပါ မိုးသီးနှံစိုက်ပျိုးကြသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း မျိုးသန့်ရရှိရေးဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေး ကွင်းသရုပ်ပြခြင်း၊ ရိတ်သိမ်းချိန်လွန်နည်း ပညာများ ကွင်းဆင်း အသိပညာပေးလျက်ရှိကြောင်း သိရသည်။


မျိုးဝင်းညို ကျွန်းလှ

No comments

Powered by Blogger.