ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်လ်ဒို လက်ရွေးစင်ကစားသမားဘဝမှ အနားယူရန်စီစဉ်နေ
ပေါ်တူဂီအသင်းတိုက်စစ်မှူး
စီရိုနယ်လ်ဒိုဟာ လက်ရှိယှဉ်ပြိုင်ကစားနေတဲ့ ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပြိုင်ပွဲမှာ ပွဲထွက်ကစားခွင့်
ဆုံးရှုံးမှုတွေရှိခဲ့တာကြောင့် နိုင်ငံလက်ရွေးစင်ကစားသမားဘဝကနေ အနားယူဖို့စီစဉ်နေတာဖြစ်ပါတယ်။
တိုက်စစ်မှူးစီရိုနယ်လ်ဒိုဟာ
လက်ရှိပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြ ဂျော့ဂျီးဆပ်က ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပြိုင်ပွဲအတွက်
ရွေးချယ်ထားတဲ့ကစားသမား ၂၅ ဦးစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ဝေးလ် အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့
ပွဲစဉ်တစ်ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
ပေါ်တူဂီအသင်းနဲ့
နော်ဝေအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ်ပင် ဝင်ရောက်ကစားခွင့်ဆုံးရှုံးခဲ့လို့
လေ့ကျင့်ရေးအစီအစဉ်ကိုလည်း မပါဝင်ခဲ့တာဖြစ်ပါတယ်။
တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ
နော်ဝေအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလည်း လူစားဝင်ကစားသမားအဖြစ်နဲ့ပင်
ဝင်ရောက် ယှဉ်ပြိုင်ကစားခွင့်မရရှိခဲ့တာဖြစ်ပါတယ်။
တိုက်စစ်မှူးစီရိုနယ်လ်ဒိုဟာ
၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးချိန်မှာ ပေါ်တူဂီနိုင်ငံ လက်ရွေးစင်ကစားသမားဘဝကနေ
အနားယူဖို့ဆုံးဖြတ်ထားပေမယ့် ကစားသမားဘဝသွင်းဂိုး ၁၀၀၀ ပြည့်မြောက်ဖို့အတွက် နိုင်ငံလက်ရွေးစင်ကစားသမားဘဝကနေ
အနားမယူဘဲ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပါတယ်။
ငွေကြယ်

No comments