ကမ္ဘာ့ဘဏ်က သီရိလင်္ကာရှိ မုန်တိုင်းဒဏ်သင့် လမ်းများအတွက် ဒေါ်လာ သန်း ၁၁၀ ကူညီမည်



ကိုလံဘို အောက်တိုဘာ ၁

 

ကမ္ဘာ့ဘဏ်သည် ဆိုင်ကလုန်းမုန်တိုင်း ဒစ်ဝါကြောင့် ဆိုးရွားစွာပျက်စီးခဲ့သည့် လမ်းကီလိုမီတာ ၆၀၀ ကို ပြုပြင်ရန်နှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် သီရိလင်္ကာနိုင်ငံအား ကူညီရန် အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကို စက်တင်ဘာ ၃၀ ရက်က အတည်ပြုခဲ့ကြောင်း သိရသည်။

 

ငွေကြေးထောက်ပံ့ပေးမှုတွင် ဆိုင်ကလုန်းမုန်တိုင်းကြောင့် အဆိုးရွားဆုံးထိခိုက်ခဲ့သည့် လူမှုအသိုက်အဝန်းများရှိ ဈေးများ၊ ကျောင်းများနှင့် ကျန်းမာရေးအဆောက်အအုံများသို့ သွားလာနိုင်ရေးအတွက် လမ်းများပြန်လည်ကောင်းမွန်လာစေရန် ဦးစားပေးလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က သတင်းထုတ်ပြန်ချက်တွင် ပြောကြားသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း ဒစ်ဝါကြောင့် သီရိလင်္ကာနိုင်ငံရှိ ခရိုင် ၂၅ ခုစလုံးတွင် လူပေါင်းနှစ်သန်းနီးပါး ထိခိုက်ခဲ့ရပြီး အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံခန့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

ဆင်ဟွာ

No comments

Powered by Blogger.