ကမ္ဘာ့တောင်ပိုင်း ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၆ ကို ကိုင်ရိုမြို့၌ ကျင်းပ



ကိုင်ရို အောက်တိုဘာ ၁

 

ကမ္ဘာ့တောင်ပိုင်းဒေသများ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် ဉာဏ်ရည်တုနည်းပညာ၏ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများဟူသည့် ဆောင်ပုဒ်ဖြင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့တောင်ပိုင်း ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ယမန်နေ့က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ ကျင်းပခဲ့သည်။

 

အဆိုပါဖိုရမ်သို့ နိုင်ငံနှင့်ဒေသပေါင်း ၃၀ နီးပါးမှ ပညာရှင်များနှင့် ကျွမ်းကျင်သူ ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ ဖိုရမ်တွင် ပါဝင်ဆွေးနွေးသူများက ဉာဏ်ရည်တု (AI) နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများသည် ကမ္ဘာ့တောင်ပိုင်းဒေသများ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသည့်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်သော်လည်း AI အသုံးပြုမှုနှင့် ပတ်သက်သည့် အုပ်ချုပ်မှုဆိုင်ရာ စိန်ခေါ်မှုများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း ဆွေးနွေးခဲ့ကြသည်။

 

တက်ရောက်သူများက AI သည် လူသားအားလုံး၏ ဘုံအကျိုးစီးပွားဆိုင်ရာ အရင်းအမြစ် တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများအနေဖြင့် AI ကို အသုံးချကာ စက်မှုလုပ်ငန်းနှင့် ကဏ္ဍအသီးသီးကို အားကောင်းစေပြီး ပြည်သူများ၏ လူမှုဘဝကောင်းမွန်အောင် မြှင့်တင်နိုင်ရန်အတွက် သမိုင်းဝင်အခွင့်အလမ်းကို လက်လွှတ်မခံဘဲ အခွင့်အရေးအဖြစ် ရှုမြင်ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ကြသည်။

 

ဆင်ဟွာ

No comments

Powered by Blogger.