သဲကုန်း​မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေး



သဲကုန်း အောက်တိုဘာ ၂


ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်​ဆောင်မိခင်များနှင့် မွေးစမှ အသက် (၂)နှစ်အောက် ကလေးငယ်များအား  ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီက သဲကုန်းမြို့နယ် မိခင်နှင့်က​လေးကျန်းမာ​ရေးဌာနနှင့် ကျေးလက်ကျန်းမာ​ရေးဌာနများတွင် ကာကွယ်ဆေးထိုးခြင်း၊​​ ဆေးတိုက်​ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။


ရှေးဦးစွာ မိခင်နှင့်ကလေးကျန်းမာ​ရေးဌာန၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်အေးသန္တာက ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတွင် အများဆုံးဖြစ်ပွားတက်သော ကူးစက်ရောဂါများ အကြောင်း၊ မျိုးဆက်ပွားကျန်းမာရေး ဆိုင်ရာသိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ပြီး ကလေးငယ်များအား အသည်းရောင် အသားဝါ(ဘီ)ရောဂါ၊မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ကြက်ညှာချောင်းဆိုးရောဂါ၊ ဦးနှောက်အမြှေးရောင် ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကင်းဝေးစေရန် အသက်အပိုင်း အခြား အလိုက် ပုံမှန်ကာကွယ်ဆေးများ ထိုးပေးခြင်း၊ ဂျပန်ဦးနှောက် ရောင်၊ ဂျိုက်သိုး အစရှိသည့်ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခြင်း၊ ပိုလီယို အကြောသေ ရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်း၊   ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်း နှင့် ကိုယ်ဝန်ဆောင် မိခင်များကိုလည်း လိုအပ်သော ကျန်းမာရေး စောင့်ရှောက်ပေးမှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


ကိုကျော်(သဲကုန်း)


No comments

Powered by Blogger.