ကျောင်းကုန်းမြို့၌ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကျင်းပ
ကျောင်းကုန်း အောက်တိုဘာ
၁
ဧရာဝတီတိုင်းဒေသကြီး
ကျောင်းကုန်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့
အထိမ်းအမှတ်အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်မိခင်နှင့်
ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌက အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့်
ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဆန်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ဆပ်ပြာနှင့်
ထောက်ပံ့ငွေကျပ် တစ်သောင်းခွဲစီတို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)

No comments