(၇၆) ကြိမ်မြောက် (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်ဖြေဆိုအောင်မြင်သူ ဆုချီးမြှင့်ပွဲနှင့် နည်းပြဆရာဖြစ် သင်တန်းဖွင့်ပွဲကျင်းပ



တောင်ကြီး အောက်တိုဘာ ၁၁

 

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟိုက ကြီးမှူးပြီး ရှမ်းပြည်နယ် ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း (YMBA) က ကျင်းပသည့် (၇၆) ကြိမ်မြောက် (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်ဖြေဆိုအောင်မြင်သူများ ဆုချီးမြှင့်ပွဲနှင့် နည်းပြဆရာဖြစ် သင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ရှမ်းပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ တောင်ကြီးမြို့ သိမ်တောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ပညာတိက္ခာလင်္ကာ ဘိဝံသက သြဝါဒကထာ မြွက်ကြားချီးမြှင့်ပြီး နိုင်ငံတော်သြဝါဒါစရိယ တောင်ကြီးမြို့ စွန်းလွန်းဂူ ကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂ ဓမ္မာ ဘိဝံသက မဟာပဋ္ဌာန်းမြတ် ဝိပဿနာကျမ်းဒေသနာနှင့် ပတ်သက်၍ သြဝါဒကထာ ချီးမြှင့်တော်မူသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားပြီး YMBA ဗဟိုဥက္ကဋ္ဌက ဝမ်းမြောက်စကား​ လျှောက်ထားသည်။

 

ယင်းနောက် ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ရာ အကြီးတန်း မြန်မာဘာသာအဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း၊ အကြီးတန်း ပအိုဝ်း ဘာသာအဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌကလည်းကောင်း၊ အလတ်တန်းအဆင့် မြန်မာဘာသာတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား YMBA ဗဟိုဥက္ကဋ္ဌကလည်းကောင်း၊ အလတ်တန်းအဆင့် ရှမ်းဘာသာတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ အလတ်တန်းအဆင့် ပအိုဝ်းဘာသာတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ အငယ်တန်းအဆင့် မြန်မာဘာသာတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ အငယ်တန်းအဆင့် ရှမ်းဘာသာတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ပြည်နယ်ဝန်ကြီးများကလည်းကောင်း၊ အငယ်တန်းအဆင့် ပအိုဝ်းဘာသာတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ပြည်နယ်ဥပဒေချုပ်ကလည်းကောင်း၊ မင်္ဂလာပန်းခင်းစိုက်ပျိုးခြင်း ခေါင်းစဉ်ဖြင့် ပထမ၊ ဒုတိယနှင့် လူသားနှင့် မင်္ဂလာတရားတော်ခေါင်းစဉ်ဖြင့် တတိယဆု ရရှိသူများအား ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးကလည်းကောင်း ဆုများချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

No comments

Powered by Blogger.