ကြို့ပင်ကောက်မြို့နယ်၌ ဆီထွက်သီးနှံ နေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ



ကြို့ပင်ကောက် အောက်တိုဘာ ၁၁

 

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ကြို့ပင်ဝိုင်းကျေးရွာ၌ နေကြာစိုက်တောင်သူများထံ နေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပသည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက တစ်ဧကအထွက်နှုန်း ကောင်းမွန်ရေးအတွက် တစ်ဧကသတ်မှတ်အပင်ဦးရေ ပြည့်မီရန်၊ အစိုဓာတ်မပျက်စေရန်၊ ရေပေးသွင်းခြင်းနှင့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာတွဲဖက်သုံးစွဲရန်တို့ကို ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တာဝန်ရှိသူများက ဆင်းရွှေကြာ -၂ နှင့် ရေဆင်း စပ်မျိုး - ၁ နေကြာမျိုးစေ့များကို တောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.