သီရိလင်္ကာ၌ ဩဂုတ်လအထိ စက်သုံးဆီတင်သွင်းမှု အသုံးစရိတ် ၆၀ ရာခိုင်နှုန်းကျော် မြင့်တက်လာ

 


ကိုလံဘို  အောက်တိုဘာ  ၄

သီရိလင်္ကာနိုင်ငံ၏ စက်သုံးဆီတင်သွင်းမှုအသုံးစရိတ်သည် ယခုနှစ် ပထမရှစ်လအတွင်း သိသာစွာ မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ  ၄ ဒသမ ၀၇  ဘီလီယံအထိရှိလာကြောင်း   သီရိလင်္ကာဗဟိုဘဏ် ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသမီဒီယာများက အောက်တိုဘာ ၄ ရက်တွင် ဖော်ပြထားသည်။

အဆိုပါအသုံးစရိတ်သည် ယမန်နှစ်အလားတူကာလက ကုန်ကျခဲ့သော အသုံးစရိတ် ၂ ဒသမ ၅၂ ဘီလီယံထက် ၁ ဒသမ ၅၅ ဘီလီယံပိုမိုများပြားခဲ့ပြီး ၆၁ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဒေသတွင်း Ada Derana သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ဩဂုတ်လ တစ်လတည်းတွင်   စက်သုံးဆီတင်သွင်းမှုကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၄၅၀ ဒသမ ၆ သန်းရှိပြီး ယမန်နှစ် ဩဂုတ်လက ကုန်ကျခဲ့သည့် အသုံးစရိတ်ထက် ၇၆ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ထို့အပြင် သီရိလင်္ကာနိုင်ငံတွင်  ဩဂုတ်လအတွင်း စုစုပေါင်း ကုန်ပစ္စည်းတင်သွင်းမှုသည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၁ ဘီလီယံရှိခဲ့ပြီး ယမန်နှစ်ထက် ၁၂ ဒသမ ၈  ရာခိုင်နှုန်းမြင့်တက်လာကြောင်း၊ ယခုနှစ်  ပထမရှစ်လအတွင်း   စုစုပေါင်းကုန်ပစ္စည်းတင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၅၆ ဘီလီယံအထိရှိပြီး  ၂၄  ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆင်ဟွာ

No comments

Powered by Blogger.